လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ နန့်ဝါကျေးရွာနှင့် မန့်ဝိန်းကျေးရွာတို့တွင် (၁၅- ၄ -၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စု (၃၄) စု ၊လူဦးရေ( ၁၇၀)ဦးတို့အတွက် ဆန်ရိက္ခာနှင့် အိမ်ဆေ ာက်ပစ္စည်းတန်ဖိုးငွေ( ၃၂၄၆၅၀၀/-) ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး တန်ဖိုး(၆၂၉၃၄၀/-)၊ စုစုပေါင်းတန်ဖိုးငွေ (၃၈၇၅၈၄၀/-) တ့ိုအား (၂၅-၄-၂၀၁၉) ရက်နေ့(၁၀း၀၀) အချိန်တွင် ဝါရှောင်ဘုရားကျာင်း၌လည်းကောင်း၊(၁၁:၃၀) အချိန်တွင် မန့်ဝိန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း ထောက်ပံမှုများပေးအပ်ခဲ့ရာ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်သဘာဝဘေးကော်မတီအဖွဲ့ဝင်များက ခေါက်ဆွဲခြောက်များကိုလည်းကောင်းအသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#kcn_apr2019
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events