လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ လီဝိုးကျေးရွာသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ် (၁) စီး၊ ဖရူဆိုမြို့နယ်၊ ကေးလ်ားကျေးရွာအုပ်စု၊ ဒေါတကလဲကျေးရွာ၊ ကေးလ်ား ကျေးရွာ၊ မြို့မကျေးရွာအုပ်စု၊ ခေါသ မော ကျေးရွာများသို့ ဂါလံ (၁၂၅၀) ဆံ့ရေသယ်ယာဉ် (၃) စီး၊ ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု ၊ ဘူးခူကျေးရွာသို့ ဂါလံ (၁၆၀၀) ဆံ့ရေသယ်ယာဉ် (၂) စီး၊ စုစုပေါင်းရေသယ်ယာဉ်(၆) စီးဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများနှင့်အတူ သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha-drg
#kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)