မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၄-၄-၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်၌ သရက်မြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ဆင်သေကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦး မီးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)၊  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၁)အိမ်ထောင်စာတို့ကို (၂၅-၄-၂၀၁၉)ရက်နေ့တွင်  သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာစာရေးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_fir

# mgy_apr 2019

 

Sign Up

Upcoming Events