လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာအုပ်စုနှင့် ဇီးကနားကျေးရွာအုပ်စုရှိ လူနေအိမ်(၅၀)လုံး၊ အိမ်ထောင်စု(၅၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၆၄၅၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး(၅၀)အိမ်ထောင်စာအား (၂၅-၄-၂၀၁၉)ရက်နေ့တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံံ့ခဲ့ပြီး (၁၅-၄-၂၀၁၉)ရက်နေ့တွင် လေဘေးဖြစ်ပွားသော ကျွန်းလှမြို့နယ်၊ညောင်ကိုင်းကျေးရွာအုပ်စု၊ညောင်ကိုင်းကျေးရွာမှ ထပ်တိုးလေဘေးသင့် အိမ်ခြေ(၂)အိမ်မှ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၂)အိမ်ထောင်စာ တို့အား(၂၅-၄-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)

# ha_sgw

# sgg _apr2019

 

Sign Up

Upcoming Events