Category Archives: News
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေ ပြတ်လပ်လျက်ရှိသော လပွတ္တာမြို့နယ်၊ သပြေချောင်း ကျေးရွာအုပ်စု၊ ဆိပ်ကလေးကျေးရွာ၊ ကရင်မချောင်းကျေးရွာနှင့် ဒရယ်ဖြူကြီးကျေးရွာတို့မှ အိမ်ထောင်စု (၃၅၀) စု၊ လူဦးရေ (၁၃၂၉) ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၂၀၀၀) အား (၂၉-၄-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #ayy_apr2019
-
ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၉) ရက်နေ့က ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ကန်နီကြီးကျေးရွာ၌ သောက်သုံးရေပြတ်လပ်လျက်ရှိပါသဖြင့် အကူအညီတောင်းခံလာမှုအပေါ် တောင်ဇင်းနယ်မြေ မီးသတ်တပ်ဖွဲ့နှင့်ညှိနှိုင်း၍ ရေဂါလံ (၁၆၀၀)ဆံ မီးသတ်ယာဉ်ဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာပြည်သူများထံသို့ သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်၊ သားမျှားကျေးရွာအုပ်စု၊ မြောက်ဖုန်း (တဲတိုက်) ရှိ ပြည်သူများ သောက်သုံးရေ ပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၁၇) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၇၃၀) ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၆၀၀၀) အား (၃၀-၄-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_apr2019
-
သောက်သုံးရေများလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးပြတ်လတ်နေသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်မှ အိမ်ခြေ(၂၀၀)၊ အိမ်ထောင်စု(၂၀၀)၊ လူဦးရေ (၁၅၀၀)ဦးတို့အတွက် သောက်သုံးရေ ဂါလန်(၁၂၀၀)အားသွားရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_drg # mon_ apr2019
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ကျွဲခြံဝကျေးရွာ၌ ဘုရားစင်တွင် မီးပူဇော်ရာမှ သစ်သားတန်းသို့ မီးကူးလောင်ကျွမ်းခဲ့ရာ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း သစ်တိုင်ကျောင်းဆောင်(၁)လုံး မီးလောင် ဆုံးရှုံးခဲ့သဖြင့် ကျောင်းဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀)နှင့် ဆရာတော်အားလှူဒါန်းရန်အတွက် သင်္ကန်းဒွိစုံ(P-P-T ဒါးခွဲ) (၁)စုံဝယ်ယူ ကျသင့်ငွေ(၄၈,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၄၈,၀၀၀)ကျပ် အား (၂၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉)ရက်နေ့က မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာ၌ သောက်သုံးရေရှားပါးလျက်ရှိသော ပြည်သူများအတွက် ရေဂါလံ (၈၀၀)အား သွားရောက် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉)ရက်နေ့က တနင်္သာရီ မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ၌ လေပြင်းကြောင့် သစ်ပင်ကျိုးကျရာမှ ဖိမိသေဆုံးခဲ့သူ(၁)ဦးအတွက် နာရေးထောက်ပံ့ငွေ (၃)သိန်းကျပ်အား သေဆုံးသူ၏မိသားစုများထံသို့ (၂၉-၄-၂၀၁၉) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉)ရက်နေ့က တောင်ကြီးမြို့နယ်၊ နောင်လေးကျေးရွာအုပ်စု၊ ထီးဆုံကျေးရွာ၌ မီးဘေးဖြစ်ဖွားခဲ့ရာ နေအိမ်/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦး မီးဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ (၆၅)သိန်းဖြစ်ကြောင်း၊ အဆိုပါဘေးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၈,၄၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး(၁)စုစာအား (၂၉-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ များထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉)ရက်နေ့က ဇလွန်မြို့နယ်၊ လိန်ကုန်းကျေးရွာအုပ်စု၊ ငါးပြေမဂယက်ကျေးရွာ၌ မီးဘေးဖြစ်ပွားမှုကြောင့် လုံးဝလောင်ကျွမ်းပျက်စီးခဲ့သော အိမ်ခြေ (ဝါးအိမ်-၁လုံး၊ သစ်အိမ်-၃လုံး) စုစုပေါင်းအိမ်ခြေ (၄)လုံးမှ လူဦးရေ (၁၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၂၉,၄၀၀)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၂၉,၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၄)အိမ်ထောင်စာ နှင့် care myanmar ပလတ်စတစ်ဖျာ( ၄)ချပ် တို့အား ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
သောက်သုံးရေများလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၈-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မိုဆိုကျးရွာအုပ်စု၊ မိုဆိုကျေးရွာ၊ဒီးကူးလယ်ကျေးရွာများသို့ ဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ်(၂)စီးဖြင့် ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့သည် သောက်သုံးရေများသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ha_drg # kyh_ apr2019









