မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ကျွဲခြံဝကျေးရွာ၌ ဘုရားစင်တွင် မီးပူဇော်ရာမှ သစ်သားတန်းသို့ မီးကူးလောင်ကျွမ်းခဲ့ရာ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း သစ်တိုင်ကျောင်းဆောင်(၁)လုံး မီးလောင် ဆုံးရှုံးခဲ့သဖြင့် ကျောင်းဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀)နှင့် ဆရာတော်အားလှူဒါန်းရန်အတွက် သင်္ကန်းဒွိစုံ(P-P-T ဒါးခွဲ) (၁)စုံဝယ်ယူ ကျသင့်ငွေ(၄၈,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၄၈,၀၀၀)ကျပ် အား  (၂၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events