လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉)ရက်နေ့က ဇလွန်မြို့နယ်၊ လိန်ကုန်းကျေးရွာအုပ်စု၊ ငါးပြေမဂယက်ကျေးရွာ၌ မီးဘေးဖြစ်ပွားမှုကြောင့် လုံးဝလောင်ကျွမ်းပျက်စီးခဲ့သော အိမ်ခြေ (ဝါးအိမ်-၁လုံး၊ သစ်အိမ်-၃လုံး) စုစုပေါင်းအိမ်ခြေ (၄)လုံးမှ လူဦးရေ (၁၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၂၉,၄၀၀)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၂၉,၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၄)အိမ်ထောင်စာ နှင့် care myanmar ပလတ်စတစ်ဖျာ( ၄)ချပ် တို့အား ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးဘေးဖြစ်ပွားရာနေရာ သို့သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။