လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၉) ရက်နေ့က ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ကန်နီကြီးကျေးရွာ၌ သောက်သုံးရေပြတ်လပ်လျက်ရှိပါသဖြင့် အကူအညီတောင်းခံလာမှုအပေါ် တောင်ဇင်းနယ်မြေ မီးသတ်တပ်ဖွဲ့နှင့်ညှိနှိုင်း၍ ရေဂါလံ (၁၆၀၀)ဆံ မီးသတ်ယာဉ်ဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာပြည်သူများထံသို့ သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။