လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉)ရက်နေ့က တနင်္သာရီ မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ၌ လေပြင်းကြောင့် သစ်ပင်ကျိုးကျရာမှ ဖိမိသေဆုံးခဲ့သူ(၁)ဦးအတွက် နာရေးထောက်ပံ့ငွေ (၃)သိန်းကျပ်အား သေဆုံးသူ၏မိသားစုများထံသို့ (၂၉-၄-၂၀၁၉) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။