လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်၊ သားမျှားကျေးရွာအုပ်စု၊ မြောက်ဖုန်း (တဲတိုက်) ရှိ ပြည်သူများ သောက်သုံးရေ ပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၁၇) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၇၃၀) ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၆၀၀၀) အား (၃၀-၄-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_drg
#mgy_apr2019