Category Archives: News
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်၊ ထန်းတော(တဲတိုက်) ရှိ သောက်သုံး ရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၈၀)လုံး၊ အိမ်ထောင်စု (၈၅)စု၊ လူဦးရေ(၄၇၀)ဦးတို့အတွက် သောက်သုံးရေ (၆၀၀၀)ဂါလံအား (၂-၅-၂၀၁၉) ရက်နေ့၊ (၁၀း၃၀)နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ပါ ကြောင်းသတင်းရရှိပါသည်။#ha_drg #mgy_may2019Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ မိုးဖုန်းကျေးရွာအုပ်စု၊ မိုးဖုန်း ကျေးရွာ၌ (၁-၅-၂၀၁၉) ရက်နေ့ (၁ရး၃၀) နာရီအချိန်မှ (၁၈း၀၀) နာရီအချိန်ထိ လေပြင်း တိုက်ခတ်မှု ကြောင့် နေအိမ် (၁) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ စုစုပေါင်း (၆) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ရှားပင်ကိုင်းကျေးရွာအုပ်စု၊ ရှားပင်ကိုင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ရန်အတွက် စေတနာလူမှုကူညီရေး အသင်းမှညှိနှိုင်းလာပါသဖြင့် (၃၀-၄-၂၀၁၉)ရက်နေ့ (၁၃း၀၀) အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေဌခြင်း၊ အသိပညာပေးဗွီဒီယိုခွေ ပေးအပ်ခြင်း၊ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် စေတနာ လူမှုကူညီရေး အသင်းမှ ဦးရဲကျော်ထက်က စီမံကိန်းအား မိတ်ဆက်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ(၁၁၀)ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar #mgy_may2019Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၂) ရွာတို့၌ (၁-၅-၂၀၁၉) ရက်နေ့ (၁ရး၁၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ် (၃) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ စုစုပေါင်း (၁၂) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၁၉)ရက်နေ့ (၉း၃၀)နာရီမှ (၁၀း၃၀)နာရီအထိ ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာသူ/သားအင်အား(၁၀၀) ဦးအား သဘောဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။#ar #mon_may2019Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေ၊ ရေသန့်ဆေးပြားနှင့် လက်ကမ်းစာစောင်များ ထောက်ပံ့လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂-၅-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အရှေ့ခြမ်း၊ တောင်ပေါ်တိုင်းရင်းသားများနေထိုင်သည့် လသာကျေးရွာရှိ အိမ်ထောင်စု (၄၂)စု၊ လူဦးရေ (၂၂၂)ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျှင် ရေသန့်ဘူး (၂၀) လီတာဘူး (၂) ဘူးနှုန်းဖြင့်( ၈၄) ဘူးတို့အားလည်းကောင်း၊ တဲကြီးကျွန်းကျေးရွာ( ရွာဟောင်း)ရှိ အိမ်ထောင်စု (၅၈)စု၊ လူဦးရေ (၂၄၄) ဦးတို့အတွက် အိမ်ထောင်စု (၁)စုလျှင် ရေသန့်ဘူး (၂၀) လီတာဘူး … Read more
-
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၃၄/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================================ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က)ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း(Extremely Severe Cyclonic Storm) “ဖန်နီ”(FANI)သည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက်တောင်ဘက် မိုင် (၂၃၀)ခန့်၊ ဗီဇာကာပတ္တနမ်မြို့(Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် (၁၁၅)မိုင် ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက် (၃၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့ နံနက်(၀၉း၀၀) နာရီမှ(၁၀း၀၀) နာရီထိ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မယ်ဆတ်ကျေးရွာအုပ်စု၊ မယ်ဆတ်ကျေးရွာတွင် ပြည်သူလူထု (၇၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar #shn_may2019Source: မိုးဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Mutil Purpose Shelter တည်ဆောက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၅-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ကြိမ်ချောင်ကြီးကျေးရွာတွင် အမျိုးသားသဘာဝဘေးကော်မတီရန်ပုံငွေဖြင့် တာဝန်ယူတည်ဆောက်လျက်ရှိသော Mutil Purpose Shelter (၁) လုံး ၅၀% တည်ဆောက်ပြီးစီးမှုအခြေအနေအား ဘိုကလေးမြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးမှုဆာင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#otr #ayy_may2019Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကြိုတင်ဖျက်သိမ်းနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် (၁၆-၄-၂၀၁၉) ရက်နေ့ကဖြစ်ပွားခဲ့သော မြစ်ကမ်းပါးနှင့်နီးကပ်၍ ကြိုတင်ဖျက်သိမ်းနေအိမ် (၁) အိမ်ထောင်စုစာ အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-) ကျပ်အား (၃၀-၄-၂၁၉) ရက်နေ့ ညနေ (၁၆း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_rbe #bgo_may2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









