လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ မိုးဖုန်းကျေးရွာအုပ်စု၊ မိုးဖုန်း ကျေးရွာ၌ (၁-၅-၂၀၁၉) ရက်နေ့ (၁ရး၃၀) နာရီအချိန်မှ (၁၈း၀၀) နာရီအချိန်ထိ လေပြင်း တိုက်ခတ်မှု ကြောင့် နေအိမ် (၁) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ စုစုပေါင်း (၆) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်နှင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၇,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာတို့အား (၂-၅-၂၀၁၉) ရက်နေ့တွင် အောင်လံ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာ စာရေးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2019

Sign Up

Upcoming Events