သောက်သုံးရေ၊ ရေသန့်ဆေးပြားနှင့် လက်ကမ်းစာစောင်များ ထောက်ပံ့လှူဒါန်းမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂-၅-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အရှေ့ခြမ်း၊ တောင်ပေါ်တိုင်းရင်းသားများနေထိုင်သည့် လသာကျေးရွာရှိ အိမ်ထောင်စု (၄၂)စု၊ လူဦးရေ (၂၂၂)ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျှင် ရေသန့်ဘူး (၂၀) လီတာဘူး (၂) ဘူးနှုန်းဖြင့်( ၈၄) ဘူးတို့အားလည်းကောင်း၊ တဲကြီးကျွန်းကျေးရွာ( ရွာဟောင်း)ရှိ အိမ်ထောင်စု (၅၈)စု၊ လူဦးရေ (၂၄၄) ဦးတို့အတွက် အိမ်ထောင်စု (၁)စုလျှင် ရေသန့်ဘူး (၂၀) လီတာဘူး (၂) ဘူးနှုန်းဖြင့် (၁၁၆) ဘူးတို့အားလည်းကောင်း၊ စုစုပေါင်း ရေသန့်ဘူး (၂၀) လီတာဘူး (၂၀၀) ဘူး၊ ရေသန့်ဆေးပြားများနှင့် လက်ကမ်းစာစောင်များအား ဇလီငှက်ကြီးတောင်အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg
#npw_may2019
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events