ကြိုတင်ဖျက်သိမ်းနေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် (၁၆-၄-၂၀၁၉) ရက်နေ့ကဖြစ်ပွားခဲ့သော မြစ်ကမ်းပါးနှင့်နီးကပ်၍ ကြိုတင်ဖျက်သိမ်းနေအိမ် (၁) အိမ်ထောင်စုစာ အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-) ကျပ်အား (၃၀-၄-၂၁၉) ရက်နေ့ ညနေ (၁၆း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_rbe
#bgo_may2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events