လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ရှားပင်ကိုင်းကျေးရွာအုပ်စု၊ ရှားပင်ကိုင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ရန်အတွက် စေတနာလူမှုကူညီရေး အသင်းမှညှိနှိုင်းလာပါသဖြင့် (၃၀-၄-၂၀၁၉)ရက်နေ့ (၁၃း၀၀) အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေဌခြင်း၊ အသိပညာပေးဗွီဒီယိုခွေ ပေးအပ်ခြင်း၊ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် စေတနာ လူမှုကူညီရေး အသင်းမှ ဦးရဲကျော်ထက်က စီမံကိန်းအား မိတ်ဆက်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ(၁၁၀)ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar
#mgy_may2019Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)