လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၂) ရွာတို့၌ (၁-၅-၂၀၁၉) ရက်နေ့ (၁ရး၁၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ် (၃) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ စုစုပေါင်း (၁၂) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၅,၂၀၀/-) ကျပ်နှင့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၇၀,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာတို့အား (၂-၅-၂၀၁၉) ရက်နေ့တွင် သရက် မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာစာရေး များထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2019