Category Archives: News
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာနှင့် ချင်းယားကုန်းကျေးရွာတို့တွင် သောက်သုံးရေရှားပါးမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၅)၊ လူဦးရေ(၉၀၀)ဦးခန့် သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား ဆရာတော် ဦးသောဘဏ၊ ရဲမှူး သိန်းထွန်းဇော်+ဒေါ်ဆုမွန်ထိုက်မိသားစု၊ ဦးဌေးလွင်+ဒေါ်သောင်းကြည် မိသားစု၊ အောင်မြင့်မိုရ် ကွန်ပျူတာ၊ ကြံတိုင်းအောင် ဘာသာရေးအဖွဲ့၊ အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်း၊ ပုညမုဒိတာ လူမှုကူညီရေးအသင်း၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သောက်သုံးရေဂါလံ(၇၅၀၀)အား ကျေးရွာများ အရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊ … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အလန်းဖလွတ်ကျေးရွာအုပ်စု၊ အလန်းဖလွတ်ကျေးရွာသို့ သောက်ရေရှားပါးမှုဖြစ်ပေါ်နေသဖြင့် သောက်ရေသန့် (၂၀) လီတာဝင်ဘူး (၁၅၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင်(၂၅-၄-၂၀၁၉) ရက်နေ့ဖြစ်ပွားသောမီးဘေးသင့်အိမ်ထောင်စု (၁)စု၊ လူဦးရေ(၇)ဦးအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ဆန်ရိက္ခာဖိုးငွေ(၁၄,၇၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၁၀၀,၀၀၀)ကျပ်အား(၃-၅-၂၀၁၉)ရက်နေ့(၁၅:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေ ရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။ #ha_fir #kcn_may2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်၊ ပန်းကုံးပင်ကျေးရွာအုပ်စု၊ ဒန်းတွန်းပိုင်း၊ ဆရာတောဦးကေသဝ၏ မုန်တွင်းကျောင်းတိုက်အား သောက်သုံးရေဂါလံ (၁၆၀၀)ကိုလည်းကောင်း၊ သဲပြင်တောကျေးရွာအုပ်စု၊ သဲပြင်တောကောင်းတော်စစွကျေးရွာရှိ အိမ်ထောင်စု (၄၀၀) စု၊ လူဦးရေ (၂၀၀၀)ဦးတို့အား သောက်သုံးရေရေဂါလံ (၃၂၀၀)ကိုလည်းကောင်း၊ တောင်ဇင်းကျေးရွာအုပ်စု၊ ကောင်းပင်စည်၊ မန်ကျည်းစောက်၊ ထရိုင်းတော၊ တောရွာ၊ စံပြ၊ ကုန်းရွာတို့မှ ကျေးရွာသားများစုစည်းနေထိုင်သော သုံးထောင့်ကဲတဲတိုက်ရှိ အိမ်ထောင်စု (၃၂)စု၊ လူဦးရေ (၁၅၀)ဦးတို့အား သောက်သုံးရေဂါလံ (၁၈၀၀)ကိုလည်းကောင်း ကျေးရွာပြည်သူများထံသို့ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတွင် (၁-၅-၂၀၁၉)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀) နှင့် လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၈,၄၀၀)တို့အား (၃-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #sgg_may2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာတွင်(၃၀-၄-၂၀၁၉)နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စုရှိ လူဦးရေ(၁၄)ဦးတို့အတွက် (၁၈၅၁၀)ကျပ်တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၅)အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀,၀၀၀)ကျပ် -ဆန်ရိက္ခာဖိုး(၂၉၄၀၀)ကျပ် -စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၅၂၉၄၀၀)ကျပ်ကိုလည်းကောင်း care myanmar ပိုက်ဖျာ(၅)ချပ်ကိုလည်းကောင်း လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၃-၅-၂၀၁၉)ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ #ha_rbe #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပွင့်ဖြူမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာတွင် (၃-၅-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သောကမ်းပြိုဘေး ကြောင့်အိမ်ခြေ(၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၀၀,၀၀၀) ကျပ်၊ လူဦးရေ(၉၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၈၉,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၉၈၉,၀၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၁၈)စုစာတို့အား (၃-၅-၂၀၁၉)ရက်နေ့ (၁၃:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည် ။ #ha_rbe #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မကွေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ပုထိုးစမ်းကျေးရွာ တို့ တွင် (၂-၅-၂၀၁၉)ရက်နေ့ (၁၄:၃၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁၉) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀,၀၀၀)ကျပ်၊ လူဦးရေ(၇၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၉,၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၄၉,၁၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၁၉)စုစာတို့အား (၃-၅-၂၀၁၉)ရက်နေ့ (၁၀:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည် ။ … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြာကန်ကျေးရွာ၊ အရှေ့မြောက်ကုန်း(တဲတိုက်) ရှိ ပြည်သူများ သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၂)စု၊ လူဦးရေ(၅၃၇)ဦးတို့ အတွက် သောက်သုံးရေ (၆၀၀၀)ဂါလံ ကို (၃-၅-၂၀၁၉)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၄၅/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================== ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ပေါ်တွင် တည်ရှိနေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm)”ဖန်နီ”(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဖန်နီ”(FANI)အဖြစ် သို့ အားလျော့သွားခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့(Kolkata)၏ မြောက်-အနောက် မြောက်ဘက် မိုင်(၃၀)ခန့်အကွာ တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) “ဖန်နီ” (FANI)သည် … Read more









