ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

4_Pic_01
အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာတွင်(၃၀-၄-၂၀၁၉)နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စုရှိ လူဦးရေ(၁၄)ဦးတို့အတွက် (၁၈၅၁၀)ကျပ်တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၅)အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀,၀၀၀)ကျပ် -ဆန်ရိက္ခာဖိုး(၂၉၄၀၀)ကျပ် -စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၅၂၉၄၀၀)ကျပ်ကိုလည်းကောင်း care myanmar ပိုက်ဖျာ(၅)ချပ်ကိုလည်းကောင်း လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၃-၅-၂၀၁၉)ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

#ha_rbe
#ayy_may2019

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events