
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ပုထိုးစမ်းကျေးရွာ တို့ တွင် (၂-၅-၂၀၁၉)ရက်နေ့ (၁၄:၃၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁၉) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀,၀၀၀)ကျပ်၊ လူဦးရေ(၇၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၉,၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၄၉,၁၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၁၉)စုစာတို့အား (၃-၅-၂၀၁၉)ရက်နေ့ (၁၀:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည် ။
#ha_sgw
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)