ပွင့်ဖြူမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

4_Pic_03
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာတွင် (၃-၅-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သောကမ်းပြိုဘေး ကြောင့်အိမ်ခြေ(၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၀၀,၀၀၀) ကျပ်၊ လူဦးရေ(၉၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၈၉,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၉၈၉,၀၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၁၈)စုစာတို့အား (၃-၅-၂၀၁၉)ရက်နေ့ (၁၃:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည် ။

#ha_rbe
#mgy_may2019

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events