သောက်သုံးရေဖြန့်ဝေမှုသတင်း

 

4_Pic_01 4_Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၃-၅-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာနှင့် ချင်းယားကုန်းကျေးရွာတို့တွင် သောက်သုံးရေရှားပါးမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၅)၊ လူဦးရေ(၉၀၀)ဦးခန့် သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား ဆရာတော် ဦးသောဘဏ၊ ရဲမှူး သိန်းထွန်းဇော်+ဒေါ်ဆုမွန်ထိုက်မိသားစု၊ ဦးဌေးလွင်+ဒေါ်သောင်းကြည် မိသားစု၊ အောင်မြင့်မိုရ် ကွန်ပျူတာ၊ ကြံတိုင်းအောင် ဘာသာရေးအဖွဲ့၊ အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်း၊ ပုညမုဒိတာ လူမှုကူညီရေးအသင်း၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သောက်သုံးရေဂါလံ(၇၅၀၀)အား ကျေးရွာများ အရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊
ထိုသို့ သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် Eleven Media Group မှ ရေသယ်ယာဉ်(၁)စီး၊ အနာဂတ် အလင်းတန်း(ကမ္ဘောဇ)မှ ရေသယ်ယာဉ်(၁)စီးတို့မှ ကားများအကူအညီပေးမှုဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြပါ သည်၊၊

#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events