Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ် အတွင်းရှိ ကျွဲတဲကုန်းအုပ်စု၊ ကျွဲတဲကုန်းကျေးရွာတွင်(၂.၅.၂၀၁၉)နေ့ဖြစ်ပွားသော လေဘေး အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၈၀,၀၀၀)ဘေးသင့်ဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေကျပ် (၈,၄၀၀) စုစုပေါင်းရန်ပုံငွေကျပ် (၈၈,၄၀၀)ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူထောက်ပံ့ပေးအပ်ခဲ့ပြီး ညောင်ဝိုင်းအုပ်စုlရွှေကျင်အုပ်စုတို့ တွင်(၅.၅.၂၀၁၉) နေ့ ဖြစ်ပွားသောလေဘေးသင့်အိမ်ခြေ (၃၃)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးကျပ် (၂၉၂၀,၀၀၀) ဘေးသင့်လူဦးရေ(၁၄၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေကျပ်(၃၀၆,၆၀၀) စုစုပေါင်းရန်ပုံငွေ ( ၃၂၂၆,၆၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး ( … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ပင့်သာကြီးကျေးရွာအုပ်စု၊ ပိတောက်ပင်ကျေးရွာရှိ လူနေအိမ် (၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀/-) ကျပ်နှင့် အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုးတို့အား ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၈-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်မိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၃-၅-၂၀၁၉) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်၊ ဘိုပြန်ကျေးရွာအုပ်စု၊ ဆားဘိုကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၁၄,၇၀၀)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #bgo_may2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉) ရက်နေ့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ ကသာမြို့နယ်၊ လမ်းခွေကျေးရွာအုပ်စု၊ ပင်းမလွတ်ကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသားများကို အပူဒဏ်ကာကွယ်ရေးအကြောင်းများ၊ သဘာဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #sgg_may2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ (၈-၅-၂၀၁၉) ရက်နေ့၌ ကလေးမြိ်ု့နယ်၊ အောင်သစ္စာရပ်ကွက်တွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၅) စု အတွက် Family Kits (၅) ပုံး၊ လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၁၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈၁၉၀၀/-) ကျပ်အား မီးဘေးသင့်မိသားစုများထံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေ့ချင်းသွားရောက် ထောက်ပံ့ … Read more
-
Cyclone Shelterနှင့် Multi Purpose Shelter တည်ဆောက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့တွင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရာ ကော်မတီအဖွဲ့နှင့်အတူ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲကော်မတီရန်ပုံငွေဖြင့်တည်ဆောက်နေသည့် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာရှိ Cyclone Shelterနှင့် ပက်ပြဲကျေးရွာရှိMulti Purpose Shelter တည်ဆောက်နေမှု အခြေအနေများအားကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ (၅၀)ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။ #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်် ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာနေ ပြည်သူတစ်ဦး (၈-၅-၂၀၁၉) ရက်နေ့၊ (ဝဝး၂၀) နာရီခန့်တွင် မိုးကြိုးထိ မှန်ဖြစ်စဉ်ကြောင့် သေဆုံးခဲ့သည့်အတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား (၈-၅-၂၀၁၉) ရက်နေ့၊ မွန်းလွဲ (၀၂း၃၀) ခန့်တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #mon_may2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့၌ ကံမမြို့နယ်၊ အင်းဘဲကျေးရွာ၊ ရေလယ်တောင်ကျေးရွာနှင့် ပွတ်စုကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၂) လုံး အမိုးလန်ပျက်စီးခဲ့ပြီး သက္ကယ်မိုး ထရံကာနေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စု၊ လူဦးရေစုစုပေါင်း (၅၀) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅၀) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၅၀၀၀ိ/-) … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့၊ (၄-၅-၂၀၁၉) ရက်နေ့နှင့် (၅-၅-၂၀၁၉) ရက်နေ့တို့တွင် ရသေ့တောင်မြို့နယ်၊ ကံပြင် (အလယ်) ကျေးရွာ၊ အောက်ကျောင်းတောင်ကျေးရွာ၊ အောင်စည်ကုန်းကျေးရွာ၊ စေတီပြင် ကျေးရွာ၊ မှန်နီပြင်ကျေးရွာများနှင့် အရှေ့တောင်ရပ်ကွက်၊ တောင်ရင်းတန်းရပ်ကွက်၊ အရှေ့ မြောက်ရပ်ကွက်များသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၃၂၉) စုမှ လူဦးရေ (၁၁၉၂) ဦးအတွက် အိမ်ထောင်တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည်၊ မလုံချည်၊ တပတ်၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့၌ အောင်လံမြို့နယ်၊ ဇေယျာကျေးရွာအုပ်စု၊ ဇေယျာကျေးရွာတွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၄) လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၄) စု၊ လူဦးရေ စုစုပေါင်း (၁၄) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၉၄၀၀ိ/-) ကျပ်နှင့် အမိုးလန်နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀ိ/-) ကျပ်၊ ထောက်ပံ့ရန်ပုံငွေစုစုပေါင်း … Read more









