လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ပင့်သာကြီးကျေးရွာအုပ်စု၊ ပိတောက်ပင်ကျေးရွာရှိ လူနေအိမ် (၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀/-) ကျပ်နှင့် အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုးတို့အား ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၈-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်မိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2019
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)