လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့၌ ကံမမြို့နယ်၊ အင်းဘဲကျေးရွာ၊ ရေလယ်တောင်ကျေးရွာနှင့် ပွတ်စုကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၂) လုံး အမိုးလန်ပျက်စီးခဲ့ပြီး သက္ကယ်မိုး ထရံကာနေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စု၊ လူဦးရေစုစုပေါင်း (၅၀) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅၀) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၅၀၀၀ိ/-) ကျပ်နှင့် နေအိမ် (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၈၅၀၀၀ိ/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၉၀၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၂) အိမ်ထာင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁)အိမ်ထောင်စာတို့အား ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ (၈-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)