လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့၌ အောင်လံမြို့နယ်၊ ဇေယျာကျေးရွာအုပ်စု၊ ဇေယျာကျေးရွာတွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၄) လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၄) စု၊ လူဦးရေ စုစုပေါင်း (၁၄) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၉၄၀၀ိ/-) ကျပ်နှင့် အမိုးလန်နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀ိ/-) ကျပ်၊ ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၈၉၄၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထာင်စာတို့အား (၈-၅-၂၀၁၉) ရက်နေ့တွင် အောင်လံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်မိသားစုများ၏ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_may2019

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events