တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့၊ (၄-၅-၂၀၁၉) ရက်နေ့နှင့် (၅-၅-၂၀၁၉) ရက်နေ့တို့တွင် ရသေ့တောင်မြို့နယ်၊ ကံပြင် (အလယ်) ကျေးရွာ၊ အောက်ကျောင်းတောင်ကျေးရွာ၊ အောင်စည်ကုန်းကျေးရွာ၊ စေတီပြင် ကျေးရွာ၊ မှန်နီပြင်ကျေးရွာများနှင့် အရှေ့တောင်ရပ်ကွက်၊ တောင်ရင်းတန်းရပ်ကွက်၊ အရှေ့ မြောက်ရပ်ကွက်များသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၃၂၉) စုမှ လူဦးရေ (၁၁၉၂) ဦးအတွက် အိမ်ထောင်တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည်၊ မလုံချည်၊ တပတ်၊ တီရှပ်) ဖြင့် အိမ်ထောင်စု (၃၂၉) စုအတွက် (ကျားလုံချည် (၃၂၉) ထည်၊ မလုံချည် (၃၂၉) ထည်၊ တပတ် (၃၂၉) ထည်၊ တီရှပ် (၆၅၈) ထည်အားလည်းကောင်း၊ လူတစ်ဦးလျှင် ဆန်ရိက္ခာ (၁) လစာဖိုး (၉၀၀၀/-) ကျပ်နှုန်းဖြင့် လူဦးရေ (၁၁၉၄) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုး (၁၀၇၄၆၀၀၀/-) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူ (၈-၉-၂၀၁၉) ရက်နေ့တွင် တိုက်ပွဲ ရှောင်အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr
#rke_may2019

Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events