လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ် အတွင်းရှိ ကျွဲတဲကုန်းအုပ်စု၊ ကျွဲတဲကုန်းကျေးရွာတွင်(၂.၅.၂၀၁၉)နေ့ဖြစ်ပွားသော လေဘေး အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၈၀,၀၀၀)ဘေးသင့်ဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေကျပ် (၈,၄၀၀) စုစုပေါင်းရန်ပုံငွေကျပ် (၈၈,၄၀၀)ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူထောက်ပံ့ပေးအပ်ခဲ့ပြီး ညောင်ဝိုင်းအုပ်စုlရွှေကျင်အုပ်စုတို့ တွင်(၅.၅.၂၀၁၉) နေ့ ဖြစ်ပွားသောလေဘေးသင့်အိမ်ခြေ (၃၃)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးကျပ် (၂၉၂၀,၀၀၀) ဘေးသင့်လူဦးရေ(၁၄၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေကျပ်(၃၀၆,၆၀၀) စုစုပေါင်းရန်ပုံငွေ ( ၃၂၂၆,၆၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး ( ၁၃) အိမ်ထောင်စာ( တန်ဖိုး-၄၂၀,၅၈၉) ကျပ်၊ care myanmar ပိုက်ဖျာ( ၁၃)ချပ် စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး( ၃၆၄၇,၁၈၉)ကျပ်ကို မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာ ဝန်ရှိသူများ၊ပါတီဝင်အဖွဲ့အစည်းများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)