Category Archives: News
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉)ရက်နေ့ (၁၇၄၅)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၁၀၈)ရပ်ကွက်၊ အမှတ်(၁၁၈)ရပ်ကွက်နှင့် အမှတ်(၁၃၀)ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အိမ်ခြေ(၂၀)လုံးပျက်စီးဆုံးရှုံးခဲ့ပြီး၊အိမ်ထောင်စု(၂၀)မှ လူဦးရေ (၈၅)ဦး လေဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁,၁၃၀,၀၀၀)ကျပ် နှင့် ဆန်ရိက္ခာတန်ဖိုးငွေ (၁၇၈,၅၀ဝ)ကျပ်တို့အား မြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉)နေ့၊ နေ့လည်(၁၂၀၀)နာရီအချိန်၌ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်၊ ကမ်းနားလမ်းနှင့် မင်းပိုင်းလမ်းထောင့်ရှိ ရွှေခယ်သီရိခန်းမရှေ့တွင် မုန်တိုင်းအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၅-၂၀၁၉)ရက်နေ့ နံနက် (၀၁၃၀)နာရီအချိန်က ဖျာပုံမြို့နယ်၊ ဗျိုင်းကစီးကျေးရွာအုပ်စု၊ ဗျိုင်းကစီးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ/အိမ်ထောင်စု (၁၃)စုမှ လူဦးရေ (၄၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါပလပ်စတစ်ပုံး (၁၃)ပုံးကို ဖြစ်ပွားသည့်နေ့မှာပင် ကနဦးအနေဖြင့် သွားရောက်ထောက်ပံ့ခဲ့ရာ အဆိုပါထောက်ပံ့သည့်နေရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဘိုဘိုမင်းဇော်၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရဲမှူးများ၊ မီးသတ်မှူးများအတူတကွ လာရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Oriental Highway Co.Ltd နှင့်ပူးပေါင်း၍ (၁၁-၅-၂၀၁၉) ရက်နေ့ (၀၉၀၀) နာရီအချိန်တွင် သောက်သုံးရေအခက်အခဲရှိသည့် လယ်ဝေးမြို့နယ်အရှေ့ခြမ်း၊ ဇလီငှက်ကြီးတောင်ကျေးရွာအုပ်စု၊ လသာတဲစုကျေးရွာရှိ အိမ်ခြေ(၄၁)အိမ်၊ လူဦးရေ (၂၂၂)ဦးတို့အတွက် သောက်သုံးရေဂါလံ (၂၄၀၀) အား သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇-၅-၂၀၁၉) ရက်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဂွေးတောက်ရိုးကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးတွင် ပျက်စီးဆုံရှုံးခဲ့သည့် အိမ်ခြေ/အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၁၀၀,၀၀ဝ)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀ဝ)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၀၆,၃၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာအား (၁၀-၅-၂၀၁၉)ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉)ရက်နေ့ (၀၂၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၇)ရပ်ကွက်၊ အိမ်အမှတ်(၇၁၆/ခ)တွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်ပျဉ်ခင်းနေအိမ်(၆)လုံးမီးလောင်ပျက်စီးခဲ့ပြီး၊ မိသားစု(၇)စုမှ လူဦးရေ(၂၇)ဦးတို့မီးဘေးသင့်ခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၇)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၁,၂၀၀,၀၀၀)နှင့် လူဦးရေ (၂၇)ဦး စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၆,၇၀၀)ကျပ်တို့အား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉)ရက်နေ့ (၀၈၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၀၈)ရပ်ကွက်၊ အိမ်အမှတ်(၆၈၉)တွင်နေထိုင်သူ အသက်(၃၁)နှစ်သည် ၎င်းနေအိမ်စတိုးဆိုင်ရှေ့ဆိုင်းဘုတ်ပြုတ်ကျနေသဖြင့် အပေါ်သို့မတင်ရန်ပြုလုပ်နေစဉ် မိုးကြိုးပစ်သေဆုံးခဲ့ပါသဖြင့် ဘေးသင့် ပြည်သူ၏မိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား(၁၀-၅-၂၀၁၉)ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉)ရက်နေ့က မြန်အောင်မြို့နယ်၊ အုပ်စု(၃)စု (ကျွဲတဲကုန်း၊ လေးတူးလေး၊ တောကျွဲလူး)၊ ကျေးရွာခွဲ(၇)ရွာတို့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲအိမ် -၂လုံး တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၈)လုံး၊ စုစုပေါင်းအိမ်ထောင်စု(၁၀)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၅၅၅,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၉၀,၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး- (၂) အိမ်ထောင်စာတန်ဖိုး (၆၄,၇၀၆)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ (၇၁၀,၀၀၆)ကျပ်အား မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ (၁၀-၅-၂၀၁၉)ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကဝမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉)ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ သင်ဘန်းကန်ကျေးရွာအုပ်စု၊ သင်ဘန်းကန်ကျေးရွာနှင့် လက်ပံခါးရှည်ကျေးရွာအုပ်စု၊ လက်ပံခါးရှည်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုမှ အမိုးလန်နေအိမ်(၅)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၅,၀၀၀)ကျပ်အား (၁၀-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉)ရက်နေ့(၁၆၃၀)အချိန်က ဥတ္တရသီရိမြို့နယ်အတွင်းရှိ မင်းကုန်းကျေးရွာအုပ်စု၊ အောင်သုခကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးခြင်းဖြစ်ပွားခဲ့သော လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၂၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၇) ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေ(၁၄,၇၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄,၇၀၀)အား ဖြစ်ပွားသည့်နေ့မှာပင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









