ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၅-၂၀၁၉)ရက်နေ့ နံနက် (၀၁၃၀)နာရီအချိန်က ဖျာပုံမြို့နယ်၊ ဗျိုင်းကစီးကျေးရွာအုပ်စု၊ ဗျိုင်းကစီးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ/အိမ်ထောင်စု (၁၃)စုမှ လူဦးရေ (၄၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါပလပ်စတစ်ပုံး (၁၃)ပုံးကို ဖြစ်ပွားသည့်နေ့မှာပင် ကနဦးအနေဖြင့် သွားရောက်ထောက်ပံ့ခဲ့ရာ အဆိုပါထောက်ပံ့သည့်နေရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဘိုဘိုမင်းဇော်၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရဲမှူးများ၊ မီးသတ်မှူးများအတူတကွ လာရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events