ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉)ရက်နေ့ (၀၈၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၀၈)ရပ်ကွက်၊ အိမ်အမှတ်(၆၈၉)တွင်နေထိုင်သူ အသက်(၃၁)နှစ်သည် ၎င်းနေအိမ်စတိုးဆိုင်ရှေ့ဆိုင်းဘုတ်ပြုတ်ကျနေသဖြင့် အပေါ်သို့မတင်ရန်ပြုလုပ်နေစဉ် မိုးကြိုးပစ်သေဆုံးခဲ့ပါသဖြင့် ဘေးသင့် ပြည်သူ၏မိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား(၁၀-၅-၂၀၁၉)ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events