လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇-၅-၂၀၁၉) ရက်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဂွေးတောက်ရိုးကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးတွင် ပျက်စီးဆုံရှုံးခဲ့သည့် အိမ်ခြေ/အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၁၀၀,၀၀ဝ)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀ဝ)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၀၆,၃၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာအား (၁၀-၅-၂၀၁၉)ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။