ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉)ရက်နေ့ (၁၇၄၅)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၁၀၈)ရပ်ကွက်၊ အမှတ်(၁၁၈)ရပ်ကွက်နှင့် အမှတ်(၁၃၀)ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အိမ်ခြေ(၂၀)လုံးပျက်စီးဆုံးရှုံးခဲ့ပြီး၊အိမ်ထောင်စု(၂၀)မှ လူဦးရေ (၈၅)ဦး လေဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁,၁၃၀,၀၀၀)ကျပ် နှင့် ဆန်ရိက္ခာတန်ဖိုးငွေ (၁၇၈,၅၀ဝ)ကျပ်တို့အား မြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events