Category Archives: News
-
ပွင့်ဖြူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာတွင် (၁၁-၅-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ. (၈၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၇၄၀၀၀၀)ကျပ်၊ လူဦးရေ(၃၈၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၀၄၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၅၄၄၃၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၈၇)စုစာတို့အား (၁၃-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကံမမြို့နယ်၊ ကျောက်စောင်းကျေးရွာအုပ်စု၊ ကျောက်စောင်းကျေးရွာနှင့် ရွာသာယာကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာရှိ အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၅,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၃၃,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၈,၆၀၀/-) … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ စွယ်ကတော့ကျေးရွာတွင် ၀၅.၀၅.၂၀၁၉ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၄)ဦး လေဘေးသင့်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ (၁၃-၅-၂၀၁၉)ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂၉၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၅၀,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄၀,၄၀၀)ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ygn_may2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ (၇.၅.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် လုံးဝပြိုလဲပျက်စီးခဲ့သောအိမ်ခြေ(ဝါးအိမ်-၃လုံး)တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၇၅)လုံး စုစုပေါင်းအိမ်ခြေ (၇၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂,၉၇၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၃၄၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၆၇၂,၀၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃,၆၄၂,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) (၃)အိမ်ထောင်စာ( တန်ဖိုး- ၉၇,၀၅၉) ကျပ်၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး( ၃,၇၃၉,၀၅၉) ကျပ်တို့ကို (၁၃.၅.၂၀၁၉) … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ဖျာပုံမြို့နယ်၊ မြို့ကုန်း ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာရှိ ကျေးရွာနေပြည်သူများအတွက် သောက်ရေသန့် (၂၀) လီတာ (၁၃၅) ဘူး၊ ကန်ရေချို (၈၀၀) လီတာဝင်ဘူးကြီးဖြင့် (၆၀၀) ဂါလံ၊ စုစုပေါင်း (၁၂၇၅) ဂါလံတို့အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_drg #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊အမှတ်(၂၁)ရပ်ကွက်၊သိမ်ချောင်းလမ်း၊အိမ်အမှတ်(၁၂၆၇)နေ ဦးသူရိန်ထွဋ်(ဘ)ဦးတင်ရွှေ၏ နေအိမ်တွင်(၁၀-၅-၂၀၁၉)ရက်နေ့(၂၃:၅၅) နာရီ အချိန်၌ air cooler အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ အိမ်ခြေ(၅)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ မိသားစု(၅)စုမှ လူဦးရေ(၁၇)ဦးတို့မီးဘေးသင့်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉)ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၅)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်(၁,၀၀၀,၀၀ဝ)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀) ကျပ်တို့ အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ygn_may2019 Source: … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညောင်ဦးမြို့နယ်၊ တောရွာကျေးရွာအုပ်စု၊ တောရွာကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၀) စုမှ လူဦးရေ (၉၃၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) နှင့် ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာအုပ်စု၊ အေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၂၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) တို့အား ပုဂံမီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ကျေးရွာများအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉)ရက်နေ့၊ (၁၁:၀၀) မှ (၁၂:၀၀)နာရီထိ ချောင်းဆုံမြို့နယ်၊ တော်ပွန်ကျေးရွာ ဆေးပေးခန်း၌ သဘာဝဘေးအသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လူထု(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းနှင့် အဆိုပါတက်ရောက် လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_may2019 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ ကျေးရွာ အုပ်စု(၂)စု၊ ကျေးရွာ(၄)ရွာတို့တွင် (၁၂-၅-၂၀၁၉)ရက်နေ့၊ (၁၆:၁၅)နာရီမှ (၁၆:၅၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၇)လုံး အမိုးလန် ပျက်စီးခဲ့ပြီး အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ စုစုပေါင်း (၂၁)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄၄,၁၀၀)ကျပ်နှင့် နေအိမ် (၇)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၅,၀၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၉,၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး (၇)အိမ်ထာင်စာတို့ကို (၁၃-၅-၂၀၁၉) … Read more
-
အပူရှောင်စခန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉)ရက်နေ့(၀၉:၀၀)နာရီအချိန်၌ ပခုက္ကူမြို့၊ အမှတ်(၁၄) ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက်ဘုန်းတော်ကြီးကျောင်းတွင် မြို့ပေါ်ရှိသက်ကြီး ဘိုးဘွား များ သက်တောင့်သက်သာ အေးချမ်းစွာ အနားယူနိုင်ရေးနှင့် အပူဒဏ်ကင်းဝေးပြီး ကောင်းမွန်စွာ နေထိုင်နိုင် ရန်အတွက် ဆရာတော် ဦးကောသလ္လ(ပုလဲဖြူ ငါ့သရောက်)၏ ဦးဆောင်မှုဖြင့် ပခုက္ကူမြို့နယ်သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ပခုက္ကူခရိုင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ ဥက္ကဌ ဒေါ်စိမ်းမြမြ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သက်ကြီး ဘိုးဘွားများနှင့်အတူအပူရှောင်စခန်းအားဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်၊၊ … Read more









