လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ (၇.၅.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် လုံးဝပြိုလဲပျက်စီးခဲ့သောအိမ်ခြေ(ဝါးအိမ်-၃လုံး)တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၇၅)လုံး စုစုပေါင်းအိမ်ခြေ (၇၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂,၉၇၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၃၄၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၆၇၂,၀၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃,၆၄၂,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) (၃)အိမ်ထောင်စာ( တန်ဖိုး- ၉၇,၀၅၉) ကျပ်၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး( ၃,၇၃၉,၀၅၉) ကျပ်တို့ကို (၁၃.၅.၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)