မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

13_Pic_01

 

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊အမှတ်(၂၁)ရပ်ကွက်၊သိမ်ချောင်းလမ်း၊အိမ်အမှတ်(၁၂၆၇)နေ ဦးသူရိန်ထွဋ်(ဘ)ဦးတင်ရွှေ၏ နေအိမ်တွင်(၁၀-၅-၂၀၁၉)ရက်နေ့(၂၃:၅၅) နာရီ အချိန်၌ air cooler အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ အိမ်ခြေ(၅)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ မိသားစု(၅)စုမှ လူဦးရေ(၁၇)ဦးတို့မီးဘေးသင့်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉)ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၅)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်(၁,၀၀၀,၀၀ဝ)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀) ကျပ်တို့ အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
 
#ha_fir
#ygn_may2019
 
 
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events