လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ ကျေးရွာ အုပ်စု(၂)စု၊ ကျေးရွာ(၄)ရွာတို့တွင် (၁၂-၅-၂၀၁၉)ရက်နေ့၊ (၁၆:၁၅)နာရီမှ (၁၆:၅၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၇)လုံး အမိုးလန် ပျက်စီးခဲ့ပြီး အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ စုစုပေါင်း (၂၁)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄၄,၁၀၀)ကျပ်နှင့် နေအိမ် (၇)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၅,၀၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၉,၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး (၇)အိမ်ထာင်စာတို့ကို (၁၃-၅-၂၀၁၉) ရက်နေ့တွင် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)