အပူရှောင်စခန်းဖွင့်လှစ်မှုသတင်း

13_Pic_0213_Pic_03 13_Pic_04
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၁၃-၅-၂၀၁၉)ရက်နေ့(၀၉:၀၀)နာရီအချိန်၌ ပခုက္ကူမြို့၊ အမှတ်(၁၄) ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက်ဘုန်းတော်ကြီးကျောင်းတွင် မြို့ပေါ်ရှိသက်ကြီး ဘိုးဘွား များ သက်တောင့်သက်သာ အေးချမ်းစွာ အနားယူနိုင်ရေးနှင့် အပူဒဏ်ကင်းဝေးပြီး ကောင်းမွန်စွာ နေထိုင်နိုင် ရန်အတွက် ဆရာတော် ဦးကောသလ္လ(ပုလဲဖြူ ငါ့သရောက်)၏ ဦးဆောင်မှုဖြင့် ပခုက္ကူမြို့နယ်သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ပခုက္ကူခရိုင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ ဥက္ကဌ ဒေါ်စိမ်းမြမြ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သက်ကြီး ဘိုးဘွားများနှင့်အတူအပူရှောင်စခန်းအားဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်၊၊
#mgy_may2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events