ပွင့်ဖြူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

14 pic_01
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာတွင် (၁၁-၅-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ. (၈၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၇၄၀၀၀၀)ကျပ်၊ လူဦးရေ(၃၈၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၀၄၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၅၄၄၃၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၈၇)စုစာတို့အား (၁၃-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

#ha_sgw
#mgy_may2019

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events