Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု နည်းပြသင်တန်းဖွင့်အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ဟင်္သာတမြို့၌(၂၀.၅.၂၀၁၉)နေ့နံနက်(၀၈း၃၀)နာရီအချိန်တွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနည်းပြသင်တန်းဖွင့်အခမ်းအနားပြုလုပ်ခဲ့ရာသင်တန်းကျောင်းကျောင်းအုပ်ကြီးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီးAsian Preparedness Partnershipမှ တာဝန်ရှိသူ များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊သင်တန်းနည်းပြများ၊သင်တန်းသားသူ(၂၀)ဦးအပါအဝင် စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_may2019 Source: DMTC
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀.၅. ၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၀၀)နာရီအချိန်မှ(၂:၀၀)နာရီ အချိန် အထိ သံတွဲခရိုင်သံတွဲမြို့နယ်ဥယာဉ်ကွင်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာ သားသူ/သားများ အား ငလျင်ဘေး၊လေဘေး၊ရေဘေး၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွား နေစဉ်နှင့်ဖြစ်ပွားပြီးချိန်များတွင်ဆောင်ရန်/ရှောင်ရန်အချက်များအားဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သားများ( ၈၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #rke_may2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၉) ရက်နေ့၊ (၂၀:၅၀) အချိန်တွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀,၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စုစာတို့အား တာဝန်ရှိသူများနှင့် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မွှေးလုံးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာတွင် (၁၈-၅-၂၀၁၉) နေ့တွင်ဖြစ်ပွားသော လေဘေးကြောင့် ဘေးသင့်တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀) ကျပ် ၊ဘေးသင့်လူဦးရေ(၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေကျပ်(၅၆,၃၀၀)ကျပ်တို့ကို ဟသာၤတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာကျေးရွာအုပ်စုသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညာင်ဦးမြို့နယ်၊ တောရွာ ကျေးရွာအုပ်စု၊ တောရွာကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၀) စု၊ လူဦးရေ (၉၃၈) ဦးတို့အတွက် သောက်သုံးရေရေဂါလံ (၃၂၀၀) ကို ကျေးရွာအရောက် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mdy_may2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ဟသာၤတမြို့နယ်၊အုပ်စု(၂)စု(ရှားဖြူ ကုန်း၊သဲဖြူ (ဒူးယား)အုပ်စု၊ ကျေးရွာခွဲ(၃)ရွာတို့တွင် (၁၇-၅-၂၀၁၉) နေ့ဖြစ်ပွားသောလေဘေးသင့်ပြို(ဝါး-၂)| တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၄)လုံး၊ စုစုပေါင်းအိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၅၆၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၂၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေကျပ်(၅၆,၇၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ ( ၆၁၆,၇၀၀)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုး (၂) အိမ်ထောင်စာ တန်ဖိုး-(၆၄,၇၀၆)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး(၆၈၁,၄၀၆) ကျပ်တို့ကို ဟသာၤတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာကျေးရွာအုပ်စုသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ဂန့်ဂေါမြို့နယ်၊ဘော်ပြင်းကျးရွာလေဘေးသင့်နေအိမ်အတွက်ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းကျေးရွာ၌ (၁၇-၅-၂၀၁၉) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၂၀-၅-၂၀၁၉) ရက်နေ့၊ (၁၃:၄၀) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀) နာရီမှ (၁၂:၀၀)နာရီအချိန်ထိ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် ကျောင်းသား/ကျောင်းသူ(၇၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော အသိပညာဗဟုသုတများ၊ ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိစေရန်အတွက် ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါသည်။ #ar #sgg_may2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ခန်းမ၌ ဖွင့်လှစ်သော ပဲခူးမြို့နယ်ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့် သင်တန်းတက်ရောက်နေသောသင်တန်းသား/သူ (၁၂၀) ဦးတို့အား သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင် ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၀-၅-၂၀၁၉)ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျွန်းသာ ယာကျေးရွာအုပ်စု၊ ညောင်ပိတ်ကျေးရွာရှယ်လ်တာတွင် သဘာဝဘေးလျော့ပါရေး အသိပညာပေး ဟောပြော ပွဲကျင်းပခဲ့ရာ ညောင်ပိတ်ကျေးရွာသူရွာသား (၈၀)ဦး တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









