လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းကျေးရွာ၌ (၁၇-၅-၂၀၁၉) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၂၀-၅-၂၀၁၉) ရက်နေ့၊ (၁၃:၄၀) နာရီအချိန်တွင် ဘော်ပြင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
Source:ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)