လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀) နာရီမှ (၁၂:၀၀)နာရီအချိန်ထိ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် ကျောင်းသား/ကျောင်းသူ(၇၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော အသိပညာဗဟုသုတများ၊ ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိစေရန်အတွက် ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါသည်။
#ar
#sgg_may2019
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)