Category Archives: News
-
ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရန် အကြိုလုပ်ငန်းညှိနှိုင်းဆောင်ရွက်မှုနှင့် မြေပြင်တွင်လိုအပ်သည်များကြိုတင်ပြင်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် (၂၁.၅.၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီမှ (၁၆း၀၀) နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ “အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ”ကို တောင်ငူမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်/ရပ်ကျေးအဆင့် ဌာနဆိုင်ရာများဖြင့်ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက်ဆောင်ရွက်မည့်နေရာရွေးချယ်သတ်မှတ်ပြီး လိုအပ်သောကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #simex #bgo_may2019 Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၁၉-၅-၂ဝ၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများသည် ပလောင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း(၂)ခုမှ ပြည်သူများအတွက် မြတ်မေတ္တာမွန် မိသားစု၏ လှူဒါန်းငွေဖြင့် ကချင်နှစ်ခြင်းတိုက်ပွဲရှောင်စခန်း၌ ရေစက်မောင်းနှင်ရန် လိုအပ်သောမီးစက်(၁) လုံး အတွက် ထောက်ပံ့ငွေ(၆၈ဝ,ဝဝဝ)ကျပ်နှင့် မြို့မကတ်သလစ်တိုက်ပွဲရှောင်စခန်း၌ ဂါလံ(၅ဝဝဝ)ဆန့် အုတ်ရေကန် (၁)လုံး အတွက် ထောက်ပံ့ငွေ (၃၅)သိန်း၊ စုစုပေါင်းငွေကျပ်(၄,၁၈ဝ,ဝဝဝ)ကျပ်တို့ကို ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော်ရှေ့မှောက်တွင် မန်တုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုက်ပွဲရှောင်ပြည်သူများထံသို့ တိုက်ရိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ မဂူမြသိန်းတန်ကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် (၂၁-၅-၂၀၁၉)ရက် နေ့ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီး(ဓနိမိုး ဓနိကာ)တလုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၀၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာငွေကျပ်(၆၃၀၀/-) ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး- (၁) အိမ်ထောင်စာတန်ဖိုး-(၃၅၃၅၃/-)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး(၁၄၁၆၅၃/-) ကို ဘိုကလေးအထွေထွေအုပ်ချုပ်ရေးဦးဌာနမှတာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်တွင်(၂၂.၅.၂၀၁၉) ရက်နေ့ (၁း၅၂)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2019 Source – ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ ကျေးရွာအုပ်စု(၉)စု၊ကျေးရွာ(၁၆)ရွာတွင် (၂၀.၅.၂၀၁၉) ရက်နေ့ (၁၅း၀၀)နာရီမှ (၁၅း၄၅)နာရီ အချိန်ထိ မိုးရွာသွန်း ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး ပြိုကျခဲ့၍ နေအိမ်(၁၀၅)လုံး နှင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း အမိုးလန်ခဲ့ပြီး အိမ်ခြေ(၁၀၇)လုံး၊အိမ်ထောင်စု(၁၀၇)စု၊ လူဦးရေစုစုပေါင်း(၃၅၁) ဦးနှင့် ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်း လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃၅၁)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၇၃၇,၁၀၀) ကျပ်၊ပြိုကျ နေအိမ်(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ အမိုးလန်နေအိမ်(၁၀၅)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုး (၁,၅၀၂,၅၀၀) … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း) ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၀) လုံး၊ အိမ်ထောင်စု (၁၂၀) စု၊ လူဦးရေ (၅၈၀) ဦး တို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) နာရီချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာ၌ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ အား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ အုပ်စု (၄)စု (ကွေ့မ၊ ရွှေပန်းတော၊ ကြံတော၊ ပိုးစုကြီး)၊ ကျေးရွာ(၆)ရွာတွင် (၂၁-၅-၂၀၁၉) နေ့ လေဘေးကြောင့် တစ်စိတ်တပိုင်းပျက်စီးခဲ့သော အိမ်ခြေ (၆) လုံး၊ ၎င်းအိမ်ထောင်စု (၆) စု ရှိ လူဦးရေ (၂၃) ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀၀/)ကျပ်၊ ဆန်ရိက္ခာဖိုး (၄၈၃၀၀)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၃၉၈၃၀၀/)ကျပ်ကိုလည်းကောင်း (၂၂-၅- ၂၀၁၉) ရက်နေ့တွင် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု(၆)စု၊ ကျေးရွာ(၇)ရွာတို့တွင် (၂၀.၅.၂၀၁၉)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး ကျောင်း(၁) ကျောင်း၊ ပြိုကျနေအိမ်(၃)လုံး၊ အမိုးလန်နေအိမ် (၅၈)လုံး ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အိမ်ခြေ(၆၁)လုံး၊ အိမ်ထောင်စု(၆၁)စု၊ လူဦးရေ စုစုပေါင်း(၂၅၂)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၅၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၅၂၉,၂၀၀)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ ပြိုကျနေအိမ်(၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ်၊ အမိုးလန်နေအိမ်(၅၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၈၂,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁,၉၁၁,၂၀၀)တို့အား … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည ်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီတွင် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တောင်မြင့်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ ပေါက်မြို့နယ် တောင်မြင့်ကျေးရွာအုပ်စု၊ သစ်ညီနောင်ကျေးရွာ၊ ဖအတောတဲတိုက်၌ (၂၀.၅.၂၀၁၉)ရက်နေ့၊ ညနေ(၁၉၃၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံးတွင် အိမ်ထောင်စု (၁)စုမှ ကျား(၁)ဦး မ(၁)ဦး၊ စုစုပေါင်း(၂)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၄၂၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀/-)၊ စုစုပေါင်း(၅၄၂၀၀/-) ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ကံတော်ကျေးရွာရှိ နေအိမ် (၂၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၇၀၀၀၀/-) ကျပ်အား ကဝမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ (၂၂-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









