လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
22_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ ကျေးရွာအုပ်စု(၉)စု၊ကျေးရွာ(၁၆)ရွာတွင် (၂၀.၅.၂၀၁၉) ရက်နေ့ (၁၅း၀၀)နာရီမှ (၁၅း၄၅)နာရီ အချိန်ထိ မိုးရွာသွန်း ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး ပြိုကျခဲ့၍ နေအိမ်(၁၀၅)လုံး နှင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း အမိုးလန်ခဲ့ပြီး အိမ်ခြေ(၁၀၇)လုံး၊အိမ်ထောင်စု(၁၀၇)စု၊ လူဦးရေစုစုပေါင်း(၃၅၁) ဦးနှင့် ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်း လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃၅၁)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၇၃၇,၁၀၀) ကျပ်၊ပြိုကျ နေအိမ်(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ အမိုးလန်နေအိမ်(၁၀၅)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုး (၁,၅၀၂,၅၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၄၅,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂,၄၈၄,၆၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၂)အိမ်ထောင်စာတို့အား (၂၂-၅-၂၀၁၉) ရက်နေ့တွင် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#mgy_may2019
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events