လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် (၂၁.၅.၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီမှ (၁၆း၀၀) နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ “အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ”ကို တောင်ငူမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်/ရပ်ကျေးအဆင့် ဌာနဆိုင်ရာများဖြင့်ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက်ဆောင်ရွက်မည့်နေရာရွေးချယ်သတ်မှတ်ပြီး လိုအပ်သောကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#simex
#bgo_may2019
Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)