(၁၉-၅-၂ဝ၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများသည် ပလောင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း(၂)ခုမှ ပြည်သူများအတွက် မြတ်မေတ္တာမွန် မိသားစု၏ လှူဒါန်းငွေဖြင့် ကချင်နှစ်ခြင်းတိုက်ပွဲရှောင်စခန်း၌ ရေစက်မောင်းနှင်ရန် လိုအပ်သောမီးစက်(၁) လုံး အတွက် ထောက်ပံ့ငွေ(၆၈ဝ,ဝဝဝ)ကျပ်နှင့် မြို့မကတ်သလစ်တိုက်ပွဲရှောင်စခန်း၌ ဂါလံ(၅ဝဝဝ)ဆန့် အုတ်ရေကန် (၁)လုံး အတွက် ထောက်ပံ့ငွေ (၃၅)သိန်း၊ စုစုပေါင်းငွေကျပ်(၄,၁၈ဝ,ဝဝဝ)ကျပ်တို့ကို ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော်ရှေ့မှောက်တွင် မန်တုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုက်ပွဲရှောင်ပြည်သူများထံသို့ တိုက်ရိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)