လေဘေးထောက်ပံ့မှုသတင်း

22 pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ကံတော်ကျေးရွာရှိ နေအိမ် (၂၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၇၀၀၀၀/-) ကျပ်အား ကဝမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ (၂၂-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_may2019

Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events