လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု(၆)စု၊ ကျေးရွာ(၇)ရွာတို့တွင် (၂၀.၅.၂၀၁၉)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး ကျောင်း(၁) ကျောင်း၊ ပြိုကျနေအိမ်(၃)လုံး၊ အမိုးလန်နေအိမ် (၅၈)လုံး ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အိမ်ခြေ(၆၁)လုံး၊ အိမ်ထောင်စု(၆၁)စု၊ လူဦးရေ စုစုပေါင်း(၂၅၂)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၅၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၅၂၉,၂၀၀)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ ပြိုကျနေအိမ်(၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ်၊ အမိုးလန်နေအိမ်(၅၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၈၂,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁,၉၁၁,၂၀၀)တို့အား (၂၂.၅.၂၀၁၉) ရက်နေ့တွင် မင်းလှမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)