Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးတို့မှတာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိတ်ကျေးရွာအုပ်စု၊ ကန်ဇွန်းအင်းကျေးရွာတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား ဆွေးနွေးပို့ချခဲ့ရာ ပြည်သူလူထု(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါတက်ရောက်လာသူများအား သဘာဝ ဘေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ နံရံကပ်ပိုစတာများနှင့် ရေသန့်ဆေးများဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #npw_may2019 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ (၁၉.၂၀.၂၁.၅.၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားသော လေဘေးသင့် အမိုးလန်နေအိမ် (၇၁) လုံး၊ ဘုန်းကြီးကျောင်း (၃) ကျောင်း၊ ပြိုလဲနေအိမ် (၂) လုံး တို့အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၉၇၃၁၀၀)၊ ပြိုလဲနေအိမ် (၂) လုံးရှိ လူဦးရေ (၇) ဦးတို့အတွက် ဆန်ဖိုးထောက်ပံ့ ငွေ(၁၄၇၀၀/-)၊ ဒဏ်ရာရ (၁) ဦး အတွက်ထောက်ပံ့ငွေ (၅၀၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၃၇၈၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ပလတ်စတစ်ပုံးအပါ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာအုပ်စု၊ ညောင်လယ်ကျေးရွာ ဘုန်းကြီးကျောင်း၌ (၂၄-၅-၂၀၁၉) ရက်နေ့ (၀၈:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူစုစုပေါင်း (၁၅၆) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2019 Source: … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
(၂၁.၅.၂၀၁၉) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျုံပါကျေးရွာအုပ်စု၊ ကျုံပါချောင်းဝကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ (၂၄.၅.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #bgo_may2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
၁၉/၂၁.၅.၂၀၁၉ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျေးရွာအုပ်စု(၁၅)အုပ်စု၊ ရပ်ကွက်(၂)ရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၃၆)လုံး၊ အမိုးလန်နေအိမ်(၂၀၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၈,၆၇၅,၀၀၀)ကျပ်၊ ပြိုလဲနေအိမ်(၃၆)လုံးမှ လူဦးရေ(၁၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၃၃,၉၀၀)ကျပ်နှင့် စုစုပေါင်းထောက်ပံ့ငွေ(၉,၀၀၈,၉၀၀)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ (၂၄.၅.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_may2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြေငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် UNDP အဖွဲ့အစည်းတို့ပူးပေါင်း၍ မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်၊ အ.မ.က (၂) ကျောင်းတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် မြေငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် ခြင်းအခမ်းအနားအား (၂၄-၅-၂၀၁၉) ရက်နေ့တွင် လူဦးရေ (၁၈၀) ဦးခန့်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #simex #chn_may2019 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့နယ်အသီးသီးမှ ရောက်ရှိလာသည့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ အကွက်(၁၃) ဝိဘန္တဝါဒီ(ပရဟိတ)ကျောင်းတိုက်သို့ ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၃၂)ဦး တို့အား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် ဆန်ရိက္ခာ(၁)လစာဖိုး(၂၈၈,၀၀၀)ကျပ်တို့အား (၂၄.၅.၂၀၁၉)ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ပါသည်။ #ha_otr #rke_may2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီးနိုင်းဆိုင်းဘုတ် စိုက်ထူနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် ပြည်သူလူထုများမုန်တိုင်းဘေး ရေဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ သိရှိနိုင်ရန်အတွက် ဘားအံမြို့နယ်အတွင်းရှိ တရုတ်လှလမ်းဆုံ၊ ကော့ကျ ိုက်လမ်းဆုံနှင့် ခလောက်နို့ (အုန်းတပင်)လမ်းဆုံတို့၌ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်း ပိုစတာမြေစိုက်ဆိုင်းဘုတ်များအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2019 Source – ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၄-၅-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးလက်ကမ်း စာစောင်များ၊ ဗွီနိုင်းပိုစတာများ၊ နံရံကပ်ပိုစတာများနှင့် ရေသန့်ဆေးများ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #npw_may2019 Source: … Read more
-
ဂန့်ဂေါမြို့နယ်အတွင်းလေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာ၊ တော်ဝင်ကျေးရွာ၊ နှမ်းခါးကျေးရွာ၊ ရဲလှကျေးရွာနှင့် ချောင်းကောက်ကျေးရွာတို့တွင် (၂၂-၅-၂၀၁၉) ရက်နေ့နှင့် (၂၃-၅-၂၀၁၉) ရက်နေ့ တို့၌ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၁) လုံး၊ အမိုးလန်အိမ်ခြေ (၄၀)လုံး၊ အိမ်ထောင်စု (၄၁) စု၊ လူဦးရေ (၁၈၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၃၉၆,၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂,၃၀၆,၀၀၀)ကျပ်၊ ဘာသာရေးအဆောက်အဦ(၄)လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၃၇၀,၀၀၀)ကျပ်၊ စုစုပေါင်း (၃,၀၇၂,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) … Read more









