လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာ၊ တော်ဝင်ကျေးရွာ၊ နှမ်းခါးကျေးရွာ၊ ရဲလှကျေးရွာနှင့် ချောင်းကောက်ကျေးရွာတို့တွင် (၂၂-၅-၂၀၁၉) ရက်နေ့နှင့် (၂၃-၅-၂၀၁၉) ရက်နေ့ တို့၌ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၁) လုံး၊ အမိုးလန်အိမ်ခြေ (၄၀)လုံး၊ အိမ်ထောင်စု (၄၁) စု၊ လူဦးရေ (၁၈၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၃၉၆,၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂,၃၀၆,၀၀၀)ကျပ်၊ ဘာသာရေးအဆောက်အဦ(၄)လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၃၇၀,၀၀၀)ကျပ်၊ စုစုပေါင်း (၃,၀၇၂,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၂၄-၅-၂၀၁၉) ရက်နေ့၊ (၁၃:၅၀) နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source:ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)