Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလပ်မှုသတင်း
(၂၉.၅.၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာသို့ သွားရောက်၍ ပြည်သူလူထု(၁၂၀) ဦး တို့အား သဘာဝဘေးအန္တရာယ်များနှင့်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ပေးဝေခဲ့ပါကြောင်း သိရှိရပါသည်။ #ar #ayy_may2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊အိုးကွဲ၊ကုန်းပြင်၊ကြို့ပင်နှင့် ခွေးတောက်ချောင်းအုပ်စုတို့တွင်(၂၅-၅-၂၀၁၉)ရက်နေ့နှင့်(၂၇-၅-၂၀၁၉)နေ့တို့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် လုံးဝ ပျက်စီးခဲ့သောအိမ်ခြေ(၈)လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ(၁၃၅)လုံး၊ စုစုပေါင်းအိမ်ခြေ(၁၄၃)လုံး၊အိမ်ထာင်စု (၁၄၃)စုရှိ လူဦးရေ(၅၃၈)ဦးတို့အတွက် (၃၂,၃၅၃)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၈)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၅,၇၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁,၁၂၉,၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၆,၈၇၉,၈၀၀)ကျပ်တို့ကို (၂၈-၅-၂၀၁၉)ရက်နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ပါသည်။ #ha_sgw #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၅.၂၀၁၉) ရက် နေ့၌ သရက်မြို့နယ်၊ ပြရေကျေးရွာ အုပ်စု၊ ပြရေကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟော ပြောပွဲသို့ ကျေးရွာပြည်သူလူထု (၁၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_may2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ Community and Family Services International(CFSI)အဖွဲ့အား လက်ခံတွေ့ဆုံ
မေ ၂၈၊ နေပြည်တော် ^^^^^^^^^^^^^ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Community and Family Services International(CFSI)အဖွဲ့မှ Executive Director ဖြစ်သူ Dr. Steven Muncy က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် Community and Family Services International(CFSI) အဖွဲ့မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းပညာရေး စီမံချက်အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုအခြေ အနေများ၊ … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၅.၂၀၁၉)ရက်နေ့တွင် သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ မဲနယ်ကွင်းကျေးရွာရှိဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသားသူ/သားများအား ရာသီဥတုပြောင်းလဲလာမှုများ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ငလျင်၊လေ၊ရေ၊မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သားများ (၇၀) ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #rke_may2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးသူများအား ထောက်ပံ့ပေးမှုသတင်း
(၂၆-၅-၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ခရမ်းမြို့နယ်၊ ဆားတလင်းကျေးရွာအနီးပင်လယ်ပြင်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စက်လှေတိမ်းမှောက်သေဆုံးခဲ့သည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ် ကျေးရွာမှ ငါးဖမ်းအလုပ်သမား (၈)ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၂,၄၀၀,၀၀၀) ကျပ်တို့ကို (၂၈.၅.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ကျန်ရစ်သူမိသားစုဝင်များထံသို့ ထောက်ပံ့ ပေးခဲ့ပါကြောင်းနှင့် အားပေးစကားများပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။ #ha_stt #mon_may2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လေးမျက်နှာမြို့နယ်၊ လဟာကြီးအုပ်စု၊ကညင်ပင်လှကျေးရွာတွင်(၂၆-၅-၂၀၁၉)နေ့ လေဘေးကြောင့် ပြိုကျ ပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦး၊ လေးမျက်နှာမြို့နယ်၊ ဝါးရုံချောင်းနှင့် ဝက်ကုန်းကျေးရွာအုပ်စု၊ဝါးရုံချောင်းနှင့်ကြို့ပင်စုကျေးရွာတွင်(၂၈-၅-၂၀၁၉)နေ့တွင် လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၄)စုရှိ လူဦးရေ(၁၀)ဦး တို့အတွက် (၃၂,၃၅၃)ကျပ်တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စုစာ၊အိမ်ဆောက်ပစ္စည်းဖိုး (၃၇၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၂၅,၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၃၉၅,၂၀၀)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၈-၅- ၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။ #ha_sgw #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများနှင့် ရေမျောသေဆုံးသူအတွက် ထောက်ပံ့ပေးမှုသတင်း
(၂၄.၅.၂၀၁၉)ရက်နေ့(၁၇:၃၀) အချိန်တွင် တပ်ကုန်းမြို့နယ်အတွင်း မျက်ရဲကျေးရွာအုပ်စု၊ တုတ်ကွင်းကျေးရွာ၊ တွင်းနီကျေးရွာ၊ဒီးဒုတ်ကုန်းကျေးရွာ၊လယ်ပြင်မကျေးရွာအုပ်စု၊လယ်ပြင်မကျေးရွာ၊ရေအေးကျေးရွာအုပ်စု၊ရေအေးကျေးရွာနှင့် ကံလှကျေးရွာအုပ်စု၊ကံလှကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အမိုးလန်ပျက်စီး လူနေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၄၆,၅၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၄၆)ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၉၆,၆၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၆၄၃,၁၀၀)ကျပ်၊ လက်ပန်ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာ ရေမျောသေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၃၀၀,၀၀၀)ကျပ်၊ (၂၂.၅.၂၀၁၉) ရက်နေ့ (၁၉:၀၀)အချိန်တွင် လေဘေးကြောင့် ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀ ,၀၀၀)ကျပ်၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာတွင် လေဘေးကြောင့် အမိုးလန်ပျက်စီး လူနေအိမ်(၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၄၂,၅၀၀)ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၅.၂၀၁၉)ရက်နေ့တွင် ထားဝယ်ခရ်ုင်၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လူဦး ရေ (၂၀၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းချောင်း ကျေးရွာအုပ်စု၊ ကျားလေးကျေးရွာ၌ (၂၅-၅-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေး ကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ် အား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၌ (၂၈-၅-၂၀၁၉)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်ကော်မတီ ဥက္ကဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ သေဆုံးသူ၏မိသားစုဝင်များထံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #ayy_may2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









